အခမဲ့/စရိတ်နည်း ကာကွယ်ဆေးများ ဘယ်မှာထိုးနိုင်လဲ
Free and low-cost vaccines
အာမခံမရှိလည်း ထိုးနိုင်ပါသည်
Vaccines for Children (VFC) ဖက်ဒရယ်အစီအစဉ်အရ အာမခံမရှိသော သို့မဟုတ် Medicaid ရှိသော ကလေးများသည် ကျောင်းလိုအပ်သော ကာကွယ်ဆေးအားလုံးကို အခမဲ့ သို့မဟုတ် ဝန်ဆောင်ခ အနည်းငယ်ဖြင့် ထိုးနိုင်ပါသည်။
ဘယ်သွားရမလဲ
- ခရိုင် ကျန်းမာရေးဌာန (county health department) — ချိန်းယူပြီး သွားပါ။
- ကလေး၏ ဆရာဝန်ရုံး — VFC တွင် ပါဝင်လေ့ရှိပါသည်။
- ကျောင်းပြန်ဖွင့်ရာသီ vaccine clinic များ — ကျောင်းများနှင့် ဆေးဆိုင်များတွင် ကျင်းပတတ်ပါသည်။
- ကာကွယ်ဆေးမှတ်တမ်းကို တစ်နေရာတည်းတွင် စုသိမ်းထားပါ — ကျောင်းအပ်တိုင်း လိုပါသည်။
ဤဆောင်းပါးသည် ယေဘုယျလမ်းညွှန်သာဖြစ်ပြီး သင့်ကျောင်းခရိုင်၏ တရားဝင်ညွှန်ကြားချက်များကို ဦးစားပေး လိုက်နာပါ။