ကျောင်းဆင်းချိန် အစီအစဉ်များနှင့် ကလေးထိန်း
After-school programs and childcare
ရွေးချယ်စရာများ
- ကျောင်းတွင်း after-school program — ကျောင်းအတော်များများ၌ ရှိပြီး စာကျက်ချိန်နှင့် ကစားချိန် ပါဝင်ပါသည်။
- YMCA နှင့် Boys & Girls Club — ဝင်ငွေအလိုက် စျေးလျှော့စနစ် ရှိပါသည်။
- စာကြည့်တိုက် homework help — အခမဲ့ ဖြစ်ပါသည်။
စျေးလျှော့ / ထောက်ပံ့ကြေး
Indiana ၏ CCDF childcare voucher အစီအစဉ်သည် အလုပ်လုပ်နေသော သို့မဟုတ် ကျောင်းတက်နေသော မိဘများ၏ ကလေးထိန်းစရိတ်ကို ထောက်ပံ့ပေးပါသည်။ လျှောက်ရန် FSSA ရုံး သို့မဟုတ် ကျောင်း၏ family liaison ထံ မေးပါ။ Program အများစုတွင်လည်း scholarship ရှိလေ့ရှိ၍ မေးရန် မရှက်ပါနှင့်။
ဤဆောင်းပါးသည် ယေဘုယျလမ်းညွှန်သာဖြစ်ပြီး သင့်ကျောင်းခရိုင်၏ တရားဝင်ညွှန်ကြားချက်များကို ဦးစားပေး လိုက်နာပါ။